(သာသနာ့ဥသျှောင်ဖွဲ့စည်းရခြင်းအကြောင်း)
သာသနာ့ဥသျှောင်ဖွဲ့စည်းရခြင်း၏အဓိကအကြောင်းရင်းသည် ပခုက္ကူသံဃာတော်
များ၏ မေတ္တာ သုတ်ရွတ်ဖတ်ခြင်းနှင့်ဆုတောင်းမေတ္တာပို့သခြင်းတို့အပေါ် စစ်တပ်
မှအကြမ်းဖက်နှိမ်နင်းခြင်းတို့ကြောင့်ဟု ပင်ပြောရပေလိမ့်မည်။ယနေ့မြန်မာနိုင်ငံ
သည်လွန်ခဲ့သောအနှစ်၂၀ကမြန်မာနိုင်ငံမဟုတ်တော့ပါ။
" အရာရာတိုင်းသည် အဟောင်းအဟောင်းသော နေရာများတွင် အသစ်အသစ်များက
အစားထိုးဝင်ရောက် နေကြသော ခေတ်ကြီးဖြစ်လေသည်။
" ကမ္ဘာ့နေရာအနှံ့အပြားတွင်လည်း ယခင်ကမြေကပ်အဆောက်အဦ
များအစား မိုးမျှော်တိုက်ကြီးများဖြင့် အစားထိုးဝင်ရောက်နေရာယူနေကြလေပြီ။
ကမ္ဘာတ၀န်းလုံးက လူသား ထုကြီးသည်လည်း အိုင်တီ၊ အိုင်တီ၊ လကမ္ဘာ၊
လကမ္ဘာဟု တွင်တွင်ကျယ်ကျယ်ကြီးအသုံးပြုနေကျယ်ကျယ်လောင်လောင်ကြီး
သံပြိုင်ဟစ်ကြွေးနေကြချိန်လည်းဖြစ်လေသည်။ တရိပ်ရိပ်တက်လာနေသော
ကမ္ဘာ့စီးပွားရေးစနစ်၊ ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာနှင့်အစားထိုးဝင်ရောက်
မူ့များ၊ အပြောင်းအလဲများအား ကမ္ဘာ့လူသားထုကြီးကလည်း ၀မ်းပန်းတသာနှင့်
ကြိုဆိုကြ၊ လက်ခံကြလေသည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်း ထိုအပြောင်းအလဲ ရေလှိုင်း၏နောက်သို့လိုက်
ပါနေသော လှေငယ် လေးတစ်စင်းသာ ဖြစ်လေသည်။ သို့သော် ကျွန်ုပ်တို့နိုင်ငံ
၏အပြောင်းအလဲများ၊ အစားထိုးဝင်ရောက်မှုများ သည် ကမ္ဘာ့နိုင်ငံတွေလို မိုးမျှော်
တိုက်ကြီးတွေ၊ အိုင်တီတွေ၊ လကမ္ဘာတွေမဟုတ်ဘဲ စီးပွားရေးအကြပ်အ တည်းများ၊
ကုန်ဈေးနူန်းအဆမတန်မြင့်တက်မှုများ၊သဘာဝဘေးဒဏ်များတို့ဖြင့်သာ အစားထိုး
ဝင်ရောက်မှု တွေရှိနေလေသည်။
တချိန်ကအာရှတွင် ကျားဟုဆိုရလောက်အောင်ချမ်းသာကြွယ်သော မြန်မာနိုင်ငံ
သည်၊ယနေ့ခေတ်ကာလတွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားချေပြီ။
တချိန်ကမြန်မာနိုင်ငံသို့လာရောက်၍ အလုပ်လုပ်နေရသော အိမ်နီးချင်းနိုင်ငံများမှ
ပြည်သူများသည် ယနေ့အချိန်အခါ၌မြန်မာပြည်သူတို့၏အလုပ် ရှင်သူဌေးများဖြစ်
နေကြလေပြီ။
တချိန်ကအာရှတွင်သာမက အနောက်ဥရောပနိုင်ငံများသို့တိုင်ဝင်ရောက်ထိုး
ဖောက်နိုင်စွမ်းရှိသောမြန်မာနိုင်ငံပညာရေးစနစ်သည် ယနေ့တွင် သုညအမှတ်
သို့ဆိုက်ရောက်နေပေပြီ။ အားလုံးကိုခြုံ၍ကြည့်မည်ဆိုလျှင် မြန်မာ နိုင်ငံ၏
အပြောင်းအလဲများသည် တခြားတခြားကမ္ဘာ့နိုင်ငံ၊ အိမ်နီး ချင်းနိုင်ငံများကဲ့သို့
အကောင်းဘက်သို့ ဦးတည်ပြောင်းလဲခြင်းများမဟုတ်ဘဲ၊ဆင်းရဲဒုက္ခများ၊ အကြပ်
အတည်းများ၊ ပြည်သူများအတွက်ဒုက္ခပင်လယ် ဝေမှုများအဖြစ်နဲ့သာ ပြောင်းလဲ
နေခြင်းဖြစ်လေသည်။ ထို ကဲ့သို့မြန်မာတနိုင်ငံလုံးတွင် ရင်ဆိုင်ကြုံတွေ့နေရသော
ဆင်းရဲဒုက္ခများ၊အကြပ်အတည်းများအား မကြည့် ရက်နိုင်သော သံဃာတော်အရှင်
မြတ်များမှ ကျေးဇူးရှင်ဒကာ၊ဒကာမများ ထိုဒုက္ခများမှကင်းဝေးစေရန်ရည်ရွယ်ချက်
များဖြင့် အုပ်ချူပ်သူတို့အား ငြိမ်းချမ်းစွာဖြင့် မိမိတို့၏ဆန္ဒများအား ထုတ်ဖော်ခြင်း၊
ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာအရ မေတ္တာပို့ဆုတောင်းခြင်းများကို
ပြုလုပ်ခဲ့ကြလေသည်။
ထိုကဲ့သို့သံဃာတော် များက ငြိမ်းချမ်းစွာဆုတောင်းမေတ္တာပို့သခြင်း၊ ဆန္ဒ
ထုတ်ဖော် ခြင်းများကို အာဏာရှင်စစ်တပ်က ရဟန်း သံဃာတော်တွေ၊
ကျောင်းသားတွေ၊ သီလရှင်ဆရာလေးတွေ၊ပြည်သူပြည်သားတွေအပါအ၀င်
အားလုံးကိုလက်နက်များဖြင့်ပစ်ခတ်နှိမ်နှင်းခြင်း၊ စစ်ဖိနပ်များဖြင့်ကန်ခြင်း၊
နေ့ရောညပါဖမ်းဆီးခြင်း၊ အကျဉ်းစခန်း များသို့ပို့ဆောင်ခြင်း၊ လူမဆန်စွာရိုက်
နှက်ခြင်းများကို ရက်ရက်စက်စက်ပြုလုပ်ခဲ့ကြလေသည်။
ထိုကဲ့သို့အကြမ်းဖက်နှိမ်နှင်းမှုများအား ပြည်တွင်းပြည်ပတွင်ရှိနေကြသော
ရဟန်းသံဃာတော်များ၊ ပြည်သူပြည်သားများအားလုံးက ၀မ်းနည်းပက်လက်ဖြစ်
ကြရ၊ ယူကြုံးမရဖြစ်ကြလေသည်။
ဆရာတော်ကြီး များထံသို့ချဉ်းကပ်၍လည်း အရှင်ဘုရားများ တခုခုမှမလုပ်ပေးနိုင်
ကြတော့ဘူးလား၊ ဒီအတိုင်းပဲကြည့်နေကြ တော့မှာလားဘုရားဟု ၀ိုင်း၍လျှောက်
ထားကြသောအခါ ကျေးဇူးရှင်ပီနန်ဆရာတော်ဘုရားကြီးမှ မြန်မာ နိုင်ငံတွင်
ကျရောက်နေသော အခက်အခဲများအား ကမ္ဘာ့ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ကူညီ
ပေးဘို့ရန် တောင်းဆိုနိုင်သော အဖွဲ့အစည်းတစ်ရပ်တော့ လိုအပ်နေပြီ။ ထို့အပြင်
မြန်မာနိုင်ငံ၌ကျရောက်နေသော သာသနာ့ဘေးရန်များကို ကာကွယ်ရန်အတွက်
ရုပ်သေးသံဃာ့အဖွဲ့မျိုးမဟုတ်ပဲ ဘက်မလိုက်သံဃာ့အဖွဲ့အ စည်းတရပ်လည်း ရှိ
သင့်နေပြီဟု သုံးသပ်မိခြင်းကြောင့် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့
(သာ သနာ့ဥသျှောင်) ကိုဖွဲ့စည်းလိုက်ရခြင်းဖြစ်လေသည်။
သာသနာ့ဥသျှောင်အဖွဲ့ချုပ်၏ရုံးစိုက်ရာသည် အမေ ရိကန်နိုင်ငံ၊နယူးယော့မြို့
တွင်ဖြစ်ပြီး ကျန်ကမ္ဘာ့နိုင်ငံများ၌သာသနာ့ဥသျှောင်အဖွဲ့ကြီး၏အဖွဲ့ခွဲများ အဖြစ်
ဖွဲ့စည်းခဲ့လေသည်။
ထိုကမ္ဘာ့နိုင်ငံအသီးသီးရှိ သာသနာ့ဥသျှောင်အဖွဲ့ခွဲများထဲတွင် အိန္ဒိယနိုင်ငံ
သာသနာ့ဥသျှောင်အဖွဲ့သည်လည်း တစ်ခုအပါအ၀င်ဖြစ်လေသည်။ အိန္ဒိယနိုင်ငံရှိ
သာသနာ့ဥသျှောင်အဖွဲ့အား နယူး ဒေလီမြို့၊ ရှစ်လေးလုံးကျောင်းတိုက်ဆရာတော်
ဦးပညာဝရမှဦးဆောင်ကာ မြတ်စွာဘုရားမာရ်ငါးပါးကို အောင်မြင်ရာ ဗောဓိပင်နှင့်
ရွှေပလ္လင်ရင်း၌ မာရ်နတ်၏အသင်းအပင်း၊ မာရ်နတ်ထက်ပင် ဆိုးသွမ်း ယုတ်မာသော
အာဏာရှင်စစ်တပ်အား အပြီးသတ်ဆုံးခန်းတိုင်အောင်မြင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့်
ဖွဲ့စည်းခဲ့လေသည်။
ယနေ့အချိန်အခါ၌ အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့
( သာသနာ့ဥသျှောင်) အဖွဲ့ကြီး သည်မြန်မာနိုင်ငံ၏ဘာသာရေး၊
လူမှု့ရေး၊နိုင်ငံရေးအားလုံးတို့အား ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံ၍
ဆွေးနွေးခြင်း၊ အကောင်အထည်ဖော်ခြင်းများကို
စွမ်းစွမ်းတမံပြုလုပ်လျှက်ရှိ နေပေပြီ။
အဲမွန်။
--
ရှင်ဘုရင်လုပ်ချင်ရင် စန္ဒဂုတ်လိုသတ်ရဲဖြတ်ရဲမှ၊
တေမိလို ငရဲကြောက်နေသူ ရှင်ဘုရင်မဖြစ်နိုင်။
သခင်ကိုယ်တော်မှိုင်း။
Friday, August 1, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment