Tuesday, July 29, 2008

အရှင်စန္ဒာဝရကို ရုံးထုတ်စစ်ဆေး- စွဲဆိုချက်နှင့် ငြိစွန်းမှုမရှိဟု ရှေ့နေပြော

အရှင်စန္ဒာဝရကို ရုံးထုတ်စစ်ဆေး- စွဲဆိုချက်နှင့် ငြိစွန်းမှုမရှိဟု ရှေ့နေပြော
ဒီဗွီဘီ၊ ၁၇ ဇူလိုင် ၂၀၀၈
ခင်နှင်းထက်

မနှစ်က စက်တင်ဘာ သံဃာ့ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး အင်းစိတ်ထောင်မှာ ဖမ်းဆီးခံနေရတဲ့ ရန်ကုန်
မြောက်ဥက္ကလာပ သစ္စာသရဖူကျောင်းတိုက်က အရှင်စန္ဒာဝရ ကိုသောကြာနေ့က တရားရုံးထုတ်

စစ်ဆေးတယ်လို့ အမူလိုက်ရှေ့နေက ပြောပါတယ်၊
ရုံးထုတ်ရက်တွေမှာ ရှေ့နေနဲ့တွေ့ဆုံတဲ့အခါ အရှင်စန္ဒာဝရ တုန်လှုပ်ခြောက်ခြားနေတာ
တွေ့နေရတယ်လို့ ရှေ့နေဦးဖိုးဖြူက ပြောပါတယ်၊
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားလိုပြသက်သေတဦးကို တက်လက်စစ်ဆေးတယ်
လို့ ဦးဖိုးဖြူက ပြောပါတယ်။
စက်တင်ဘာ သံဃာ့လှုပ်ရှားမှုဖြစ်ပြီးနောက် အောက်တိုဘ ၃ ရက် မနက် ၃း၀၀ နာရီခန့်မှာ
အာဏာပိုင်တွေက သစ္စာသရဖူကျောင်းတိုက်ကို ၀င်ရောက်စီးနင်းပြီး အရှင်စန္ဒာဝရ ကိုဖမ်းဆီးပါတယ်။
အရှင်စန္ဒာဝရဆီက (ဆန္ဒသို့ပေးဆပ်ခြင်း) ကဗျာနဲ့အတူ အာဏာပိုင်တွေ အကြမ်းဖက်လာရင်
( ငြိမ်းချမ်းစွာဖြေရှင်းပါ...လက်တွဲပူးပေါင်းပါ ) စတဲ့စာတမ်းတွေ ရေးသားထားတဲ့ ဗလာစာအုပ်ကို

အာဏာ ပိုင်တေါက သိမ်းဆည်းသွားပါတယ်။
ဒီရေသားချက်တွေဟာ အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုပြီး ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲထား
ပါတယ်။
လူတယောရဲ့ လွတ်လပ်တဲ့ဆန္ဒ၊ လူတယောက်ရဲ့ လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့်၊ ယူဆပိုင်ခွင့်နဲ့
ပတ်သက်တာကို စာသားနဲ့ပဲရေးရေး၊ စကားပြေနဲ့ပဲဆိုဆို၊ ကဗျာနဲ့ပဲသီဖွဲ့ပါ သူ့ရဲ့အတွေးအခေါ်
သူ့ရဲ့အယူဆပဲဖြစ်ပါတယ်။
အဲဒါကို လူတကာရှေ့မှာ ဖွင့်ပြောပြီးတော့ အကြည်ညိုပျက်အောင်လုပ်နေတာလည်းမဟုန်ပါဘူး၊
သူ့ဆန္ဒကို သူ့စာအုပ်ထဲမှာ ကဗျာတပုဒ်အနေနဲ့ ကိုယ်တော်ဟာ သိမ်းစည်းထား တာပဲဖြစ်ပါတယ်။
အဲဒါကို ရှာဖေါပြီးတော့ ဒါ....အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုပြီးတော့ တရာစွဲ ဆိုထားတာဖြစ်
ပါတယ်၊ ဥပဒေကြောင်းအရဆိုရင်တော့ သူဟာ သူများကိုပြသတာ၊ ထုတ်ဖော်တာ၊ ပုံနှိပ်တာ၊

ဖြန့်ဝေတာမျိုး လုံးဝမရှိတဲ့အတွက်ကြောင့်မို့လို့ ဒီဥပဒေပုဒ်မနဲ့ ငြိစွန်းခြင်းလုံးဝ မရှိပါဘူး။
အရှင်စန္ဒာဝရကို သံဃာ့လှုပ်ရှားမှုမှာ ရှေ့ဆုံးကနေ အလံကိုင်ကြွချီခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့
အာဏာပိုင်တွေက အရေးယူနေတာလို့ ဆိုပါတယ်

နေပြည်တော်ဝန်ကြီးများကို ရာထူးမှထွက်ပြီး နိုင်ငံရေးလုပ်ခိုင်းမည်

နေပြည်တော်ဝန်ကြီးများကို ရာထူးမှထွက်ပြီး နိုင်ငံရေးလုပ်ခိုင်းမည် (ခေတ်ပြိုင်ဂျာနယ်)
NEJ/ ၂၈ ဇူလိုင် ၂၀၀၈

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ နေပြည်တော် ၀န်ကြီးအချို့ကို

တာ ၀န်ပေးမည်ဖြစ်ရာ နိုင်ငံရေးလိုင်းဝင်မည့် ၀န်ကြီးများ ၀န်ကြီးရာထူးမှ နုတ်ထွက်ပြီး အာဏာလက်လွတ်ဖြစ်မည်ကို
စိုးရိမ်နေ သည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
အထူးသဖြင့် ၀န်ကြီးအဖွဲ့တွင် အသက်အကြီးဆုံးဖြစ်သည့် နေပြည်တော်စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းလို ၀န်ကြီးတွေပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သည့်တိုင် ရာထူးမှထွက်ပြီး ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီခေါင်းဆောင် လုပ်ခိုင်းမှာ စိုးရိမ်နေသည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။
သို့သော် အသက်ကြီးသည့် လက်ရှိဝန်ကြီးတွေကို သက်ဆိုင်ရာဇာတိမြေ တိုင်းအလိုက် ကြံ့ဖွံ့ အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ တာဝန်ပေးခြင်းဖြင့် ၀န်ကြီးရာထူး နေရာသစ်များ ပေါ်လာနိုင်သည်- ထို့ပြင် နောက်တက် ဗိုလ်ချုပ်များကို ၀န်ကြီးရာထူး ပေးနိုင်ခြင်း၊ အသက်ကြီး ၀န်ကြီးတွေကို အချိုသတ်ပြီး ရုံခါနိုင်ခြင်းတို့ကြောင့် နေပြည်တော် ၀န်ကြီးများ ရာထူးလက် လွတ်ပြီး နိုင်ငံရေးလုပ်ရမှာ ထိတ်လန့်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။
နေပြည်တော်ဝန်ကြီးများကို နိုင်ငံရေးပါတီဖွဲ့ဘို့ တာဝန်ပေးရာတွင် စက်မှု (၁) ၀န်ကြီး ဦးအောင် သောင်းကို မနလေးတိုင်း နိုင်ငံရေးပါတီ၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီကို ကွမ်းခြံကုန်းစသဖြင့် ၀န်ကြီးများ ဇာတိမြေအလိုက် ကြံ့ဖွံအသွင်ပြောင်း နိုင်ငံရေးပါတီများကို ခေါင်းဆောင်ခိုင်းမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။
စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဆိုလျှင် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများ၌ ဆန္ဒပြသူ များအား ရိုက်နှက်ခိုင်းခဲ့သည့် စွမ်းအားရှင်များကိုလည်း နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် မယုံသဖြင့် ပင်စင်သွားသည့် ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများကို နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် ညွှန်ကြားထားသည်ဟု သိရသည်။
ဝန်ကြီးရာထူးမှ ထွက်ပြီး နိုင်ငံရေး လုပ်ရမည်ဆိုလျှင် အာဏာမရှိတော့ဘဲ လူထု အရိုက်ခံရမှာကို စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း စိုးရိမ်နေသည်ဟု စက်မှု (၁) အရာရှိများက ပြောသည်။ ။